Monday, October 8, 2007

Lessons Learned from DTASG Signature Campaign

Dear All:

Here are the lessons learned that we have captured from DTASG Signature Campaign on the letter to PM Lee. This exercise is done within the DTASG leadership team during our campaign closing meeting.

We have reviewed and reflected at the three areas as below:

1. Good things that we have done that we should repeat them again in the future
  • Doing the right thing (double taxation avoidance shall benefit all and it is the right thing to do)
  • Networking Approach (getting supports from Lan Pya Kyal and Dan Dar Yi)
  • Choosing the right location for the campaign (Penninsula Plaza)
  • Having target deadlines (for campaign start and end)
  • Having voluntary champions/owners who personally collect signatures
  • Having Group Discussions and Achieving Consensus (in the DTASG leadership team) for the Campaign Ideas
  • Having supporting materials or use of media for public education (Pamphalet/Blog/News Stories)

2. What can we improve? Things we could have done better.

  • More visible poster about the campaign
  • More locations for signature collection
  • We should have captured the feelings of the people (through the use of guest book)
  • We should have captured the contact information (so that we can inform people about the result of the campaign)
  • We should have seize opportunities to get more participations (through the use of other events such as DASSK birthday)
  • We should have got more voluntary champions/owners who can personally collect signatures
  • We should have conducted interim meetings of DTASG Leadership Team during the campaign period (so that we can review the campaign progress and take actions for improvement)

3. Things that went so wrong that we should never/ever repeat it again

  • None

We would like to thank you all again for your active participations in our Double Taxation Avoidance Signature Campaign for the letter to PM Lee. We only have achieved progress and get to where we are today now thanks to the hard work and commitments of all those members in the DTASG leadership team and those who support us in every possible way.

Please feel free to provide constructive feedbacks. We look forward to receiving any good ideas with the aim of making this movement getting stronger and garner more participations of the people.

With best regards
Naing Moe Aung (on behalf of DTASG Leadership Team)

Thursday, October 4, 2007

A reply from Singapore Prime Minister's Office


We are pleased to update you all that we have received a reply fromSingapore Prime Minister's Office to the letter we have sent to SingaporePrime Minister in July.


The Prime Minister's Office has replied us that they have forwarded ourletter to the Ministry of Finance for their attention and we will hear fromthem in due course.


Thank you all again for your support in our Double Taxation AvoidanceSignature Campaign for the letter to PM Lee. We shall keep you all informed once we get the response from the Ministry ofFinance.


With best regards,
Naing Moe Aung (on behalf of DTASG Leadership Team)

Monday, July 9, 2007

လက်မှတ်ရေးထိုးလှုပ်ရှားမှု နောက်ဆုံးအခြေအနေ

ဤလှုပ်ရှားမှု (၁)လပြည့်သည့်နေ့တွင် လက်မှတ်ကောက်ခံခြင်းများကို ရပ်နားခဲ့ပြီး တက်တက်ကြွကြွ ထောက်ခံသူ (၁၀၄၀)၏ လက်မှတ်ကို ကောက်ခံရရှိခဲ့ပါသည်။

လက်မှတ်များကောက်ခံရာတွင် အဓိကပံ့ပိုး ကူညီပေးခဲ့ကြသော ဒဏ္ဍာရီ စတိုး နှင့် လမ်းပြကြယ် မြန်မာစာကြည့်တိုက်တို့အား အထူးကျေးဇူးတင်ရှိပါသည်။

ပါဝင်လက်မှတ်ရေးထိုးခဲ့သူများ၏ ဆုံးဖြတ်ချက်နှင့် ပူးပေါင်းပါဝင်မှုကို DTASG ဦးဆောင်မှုအဖွဲ့မှ လေးစား ကျေးဇူးတင် ဂုဏ်ယူပါသည်။ ထိုလက်မှတ်များသည် ဦးဆောင်မှုအဖွဲ့အတွက် အင်အားဖြစ်စေသည့်အပြင် ၎င်း၏ ကိုယ်စားပြုမှုကိုလည်း ပိုမိုပေါ်လွင်လာစေပါသည်။

လှုပ်ရှားမှုကိုထောက်ခံပါသော်လည်း အခြေအနေမျိုးစုံအရ လက်မှတ်ရေးထိုးပါဝင်နိုင်ခြင်းမရှိခဲ့သော မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ ကျန်ရှိနေသေးကြောင်း ဦးဆောင်မှုအဖွဲ့မှသိရှိနားလည်ပါသည်။ ထိုသို့ ပါဝင်နိုင်ခြင်းမရှိခဲ့သောသူများ၏ ဆုံးဖြတ်ချက်ကို ဦးဆောင်မှုအဖွဲ့မှ လေးစားပါသည်။

ယခုအခါ နောက်လုပ်ငန်းစဉ်များအဖြစ်
- လက်မှတ်များကို စင်ကာပူဝန်ကြီးချုပ်ထံ ပေးပို့ခြင်း
- သတင်းဌာနများသို့ ဆက်သွယ်ခြင်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

ဤလှုပ်ရှားမှုအောင်မြင်စေရန် ဦးဆောင်မှုအဖွဲ့မှ ဆက်လက်ကြိုးစားသွားမည်ဖြစ်ပြီး မိမိနီးစပ်ရာ လက်ဆင့်ကမ်း ရှင်းပြဖြန့်ဖြူးခြင်းဖြင့် ပါဝင်ကူညီကြပါရန် အကူအညီတောင်းပါသည်။

Wednesday, May 23, 2007

စင်ကာပူဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုး မေတ္တာရပ်ခံသော လှုပ်ရှားမှု

၁၀၊ ဇွန်လ၊ ၂၀၀၇ (တနင်္ဂနွေနေ့) စာရင်းအရ ထောက်ခံအားပေးသူ ( ၇၀၀ ) ၏ လက်မှတ်များ စုဆောင်းရရှိပြီးဖြစ်ပါသည်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုး မေတ္တာရပ်ခံသော လှုပ်ရှားမှုအတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားများ၏ လက်မှတ်များကို စတင်စုဆောင်းလျက်ရှိပါသည်။ လက်မှတ်များကို မေလ ၂၂ ရက်၊ ၂၀၀၇ မှ ဇူလိုင်လ ၁ ရက်၊ ၂၀၀၇ အတွင်း စုဆောင်းသွားပါမည်။

မိတ်ဆွေများ၏ ပါဝင်အားပေးမှုကသာ ဤလှုပ်ရှားမှုကို ထိရောက်အောင်မြင်စေမည်ဖြစ်ပါသဖြင့် ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် ကူညီကြပါရန် တောင်းပန်အပ်ပါသည်။ မိမိအမည်မှန်၊ EP/S Pass/WP/Dependent Pass/Studend Pass/NRIC (Blue) Number ဖြင့် ပါဝင်လက်မှတ်ရေးထိုးရန်ဖြစ်ပြီး Passport Number ရေးသားရန် မလိုအပ်ပါ။

ဤကောက်ခံရရှိသောလက်မှတ်များကို စင်ကာပူနိုင်ငံဝန်ကြီးချုပ်ထံ မှတ်ပုံတင်စာဖြင့်ပေးပို့သွားမည်ဖြစ်ပါသည်။ ထိုမှအပ အခြားနေရာများသို့ ပေးပို့ခြင်း၊ DTASG၏ အခြားကိစ္စများအတွက်အသုံးပြုခြင်းများကို လုံးဝ (လုံးဝ) ပြုလုပ်သွားမည် မဟုတ်ပါ။

ဤလှုပ်ရှားမှုတွင် အောက်ပါနည်းလမ်းများဖြင့် ပါဝင်ကူညီပေးကြပါရန် ပန်ကြားပါသည်။
၁။ အောက်ပါ နေရာများတွင် သွားရောက် လက်မှတ်ရေးထိုးခြင်း
- ဒဏ္ဍာရီ စတိုး #04-54, Peninsula Plaza

- လမ်းပြကြယ် မြန်မာစာကြည့်တိုက် #05-12A, Peninsula Plaza
စနေနေ့တိုင်း နေ့လည် ၂နာရီ မှ ည ၉နာရီအထိ
တနင်္ဂနွေနေ့တိုင်း နေ့လည် ၁၂နာရီ မှ ည ၉နာရီအထိ


၂။ မိမိပတ်ဝန်းကျင်၊ နီးစပ်ရာ မြန်မာနိုင်ငံသားများ၏ လက်မှတ်များကို ကောက်ယူ၍ အောက်ပါလိပ်စာသို့ ပေးပို့ခြင်း

ဝန်ကြီးချုပ်ထံ ပေးပို့မည့်စာ မြန်မာပြန်နှင့် လက်မှတ်ကောက်ယူရန်ပုံစံ
Please download the template, print it out and start collecting the signatures from those around you and return it to the address below by 01 July 2007.
Naing Moe Aung
Block 74, Bedok North Road
#08-108
Singapore 460074

ဝန်ကြီးချုပ်ထံ ပေးပို့မည့်စာ (မြန်မာဘာသာပြန်)

သို့

စင်္ကာပူဝန်ကြီးချုပ်

အကြောင်းအရာ : စင်္ကာပူ - မြန်မာ အခွန်နှစ်ထပ်ကွမ်း မပေးဆောင်ရရေးစာချုပ်

ပထမအနေဖြင့် စင်္ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နိုင်သော အခွင့်အလမ်းများကို ပေးသောကြောင့် စင်္ကာပူနိုင်ငံတော်အစိုးရအား ကျွန်တော်တို့ မြန်မာနိုင်ငံသားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ စင်္ကာပူ၏ Global City ဖြစ်မြောက်ရေး ရည်မှန်းချက်အတွက် ကျွန်တော်တို့မှ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရသည့်အပြင် စင်္ကာပူတွင် အလုပ်ကြိုးစားပြီး ရရှိသောဝင်ငွေဖြင့် မြန်မာနိုင်ငံတွင် ကျန်ရှိနေသော မိသားစုဝင်များအား ထောက်ပံ့နိုင်သည့်အတွက် ကျွန်တော်တို့ ဂုဏ်ယူမိပါသည်။

ဒုတိယအနေဖြင့် စင်္ကာပူ - မြန်မာ အခွန်နှစ်ထပ်ကွမ်း မပေးဆောင်ရရေးစာချုပ် (၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှစ၍ သက်ဝင်လျက်ရှိ) ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည့်အတွက် စင်္ကာပူနှင့်မြန်မာနိုင်ငံတော် အစိုးရနှစ်ရပ်လုံးအား ကျွန်တော်တို့အားလုံးမှ ကျေးဇူးတင်ရှိပါသည်။

စင်္ကာပူနှင့်မြန်မာနိုင်ငံတော် အစိုးရနှစ်ရပ်လုံးက ဤစာချုပ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ပြီး ဖြစ်ပေါ်လာသော အကျိုးအမြတ်များကို သက်ဆိုင်သောသူများအားလုံးအား ခံစားခွင့်ပေးနိုင်ရန်အတွက် မမှိတ်မသုန် ရည်ရွယ်ထားသည်ဟု ကျွန်တော်တို့ စစ်မှန်စွာယုံကြည်ပါသည်။

စိတ်မကောင်းဖြစ်စရာအချက်မှာ ဤစာချုပ်တွင် အခွန်နှစ်ထပ်ကွမ်း မပေးဆောင်ရရေး အချက်အလက်များ ရှိနေပါလျက် ကျွန်တော်တို့မြန်မာနိုင်ငံသားများအနေဖြင့် အခွန်နှစ်ထပ်ပေးဆောင်စေနေရဆဲဖြစ်ပါသည်။ ထိုကဲ့သို့ ဆက်လက်ဖြစ်ပျက်နေခြင်းသည် စင်္ကာပူရောက် မြန်မာနိုင်ငံသားများကို မလိုလားအပ်သော အခွန်ဝန်ပိစေပါသည်။ ထို့ပြင် စာချုပ်ပါ အဓိကရည်မှန်းချက်များနှင့်လည်း မကိုက်ညီပါ။ ၀မ်းနည်းစရာ အကောင်းဆုံးကတော့ ၀င်ငွေနည်းသော Work Permit သမားများနှင့် အထွေထွေအလုပ်သမားများအတွက် ဤအခွန်သည် အကြီးမားဆုံးသော ၀န်ထုပ်ဝန်ပိုးဖြစ်နေခြင်းပင် ဖြစ်ပါသည်။

ဤကဲ့သို့ တူညီသော စာချုပ်တစ်ခုလည်း United Kingdom နှင့် မြန်မာနိုင်ငံကြားတွင် တည်ရှိနေပြီး United Kingdom တွင် နေထိုင်သော မြန်မာများမှာ ကျွန်တော်တို့ကဲ့သို့ အခွန်နှစ်ထပ် ပေးဆောင်ရန်မလိုပါ။ United Kingdom တွင် နေထိုင်သော မြန်မာများအနေဖြင့် ထိုသို့ ရသင့်ရထိုက်သော အခွင့်အရေးများရရှိနေခြင်းမှာ ကျွန်တော်တို့ စင်္ကာပူတွင် နေထိုင်သော မြန်မာများတွေ့ကြုံနေရသည်နှင့် သိသိသာသာ ကွာခြားလျက်ရှိပါသည်။

စင်္ကာပူ - မြန်မာ အခွန်နှစ်ထပ်ကွမ်း စာချုပ်၏ အပိုဒ်၂၆တွင် ဖော်ပြထားသည့်အတိုင်း ကျွန်တော်တို့အနေဖြင့် စင်္ကာပူနိုင်ငံမှ သက်ဆိုင်ရာ အခွန်အာဏာပိုင်များ (Inland Revenue Authority of Singapore - IRAS) နှင့်ဆက်သွယ်ကာ ဆွေးနွေးတိုင်ပင်မှုများကို ပြုလုပ်ပြီးဖြစ်ပါသည်။

မိမိနိုင်ငံတွင် နေထိုင်သူများကို တရားဥပဒေနှင့်အညီ အုပ်ချုပ်ပြီး အကာကွယ်ပေးလေ့ရှိသော စင်္ကာပူနိုင်ငံအနေဖြင့် လွန်စွာအရေးကြီးသော ဤကိစ္စကို မျှမျှတတဖြစ်အောင် တာဝန်ယူ ဖြေရှင်းပေးလိမ့်မည်ဟု ကျွန်တော်တို့ ရိုးသားစွာယုံကြည်ပါသည်။

စင်္ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ ရသင့်ရထိုက်သော အခွင့်အရေးကို ဤအခွန်နှစ်ထပ်ကွမ်းမပေးဆောင်ရရေး စာချုပ်နှင့်အညီဖြစ်ရန် စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ်အနေဖြင့် ကြင်နာစွာ အလေးအနက်စဉ်းစားကာ လုပ်ဆောင်ပေးပါရန် ကျွန်တော်တို့ မေတ္တာရပ်ခံအပ်ပါသည်။

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ
(လက်မှတ်များကို ပူးတွဲ ပေးပို့ပါသည်။)

Monday, May 14, 2007

DTASG လှုပ်ရှားမှုအကြောင်း မြန်မာဘာသာဖြင့် ရှင်းလင်းချက်နှင့် Today သတင်းစာမှ သတင်းဆောင်းပါး မြန်မာဘာသာပြန်

အပြည့်အစုံ ဖတ်ရှုရန် Download here.
နီးစပ်ရာ သူငယ်ချင်း အပေါင်းအသင်းများအား ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန် တောင်းပန်အပ်ပါသည်။

Sunday, May 13, 2007

Burma Today ၏ ကိုနိုင်မိုးအောင်နှင့် အင်တာဗျူး


Download Full Interview Here
Burma Today မှ ကူးယူဖော်ပြပါသည်။
(http://burmatoday.net/interview2005/070423_naing_moe_aung.swf)

Saturday, April 14, 2007

သံလွင်အိပ်မက်၏ ကိုနိုင်မိုးအောင်နှင့် အင်တာဗျူး


(သံလွင်အိပ်မက် အမှတ်(၁၀) ဧပြီလ ၂၀၀၇ မှ ကူးယူဖော်ပြပါသည်။)
http://www.thanlwin.com/thanlwinainmat/issue10/interviews/interview1.htm

၁။ စင်္ကာပူနဲ့ မြန်မာအစိုးရအကြားမှာ Double Taxation Agreement ရှိတယ်ဆိုတာ စင်္ကာပူရောက်နေတဲ့ မြန်မာအတော်များများက ဟိုးအရင်ကတည်းက သိကြပါတယ်။ သိသိကြီးနဲ့ ကြိတ်မှိတ်ခံစားနေရတာလည်း ကြာပါပြီ။ ဒါကို အခုလို လူသိထင်ရှား ဖြစ်လာအောင်၊ ဒီလို သဘောတူညီမှုရှိတာကြောင့် ၀င်ငွေခွန် ၁၀ရာခိုင်နှုန်းကောက်ခံနေခြင်း မပြုသင့်ဘူးလို့ အများက လက်ခံလာအောင်၊ အမှန်တရားအတွက် မိမိကိုယ်ပိုင်အခွင့်အရေးအတွက် တောင်းဆိုရဲလာအောင်လုပ်ဖို့ ဘယ်လိုများ စိတ်ကူ;ရခဲ့ပါသလဲ။

ကျွန်တော်တို့ ဒီကိစ္စကို သေသေချာချာသိခဲ့တာက ၂၀၀၅ခုနှစ်လောက်မှာပါ။ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ ဒီသဘောတူညီချက်စာချုပ်ကို အသေးစိတ်သေချာနားလည်သဘောပေါက်အောင် လေ့လာဖတ်ရှုလိုက်တဲ့အခါမှာ စာချုပ်ပါအချက်အလက်တွေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်တဲ့ အခွန်နှစ်ထပ်မဆောင်ရရေး ဆောင်ရွက်မှုကို စတင်ခဲ့ပါတယ်။


၂။ လက်ရှိအခြေအနေအထိ အကိုရဲ့ လုပ်ဆောင်မှုတွေကို အကျဉ်းချုပ်ပြောပြပေးပါ။

ကျွန်တော်တို့ IRAS (Inland Revenue Authority of Singapore) ဘက်ကို စတင်ပြီးဆက်သွယ်ခဲ့ပါတယ်။ သူတို့ဘက်က ဒီကိစ္စနဲ့ ပတ်သတ်တဲ့ တုံ့ပြန်မှုကို ရဖို့အတွက်လည်း အများကြီး ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ IRAS ဘက်က ဒီကိစ္စကို တရားဝင်စုံစမ်းပြီး ကိုင်တွယ်သင့်တယ်လို့ ယူဆပြီးချိန်မှာ ကျွန်တော်တို့ ရေရှည်လုပ်ငန်းစဉ်ကို ရေးဆွဲပြီး စင်္ကာပူမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားများသိအောင် လုပ်ဆောင်ခဲ့ပါတယ်။


၃။ ဘယ်လောက်ထိ အားပေးထောက်ခံမှုတွေ ရရှိခဲ့သလဲ။

လူတော်တော်များများ စိတ်ဝင်စားမှုကိုရခဲ့ပါတယ်။ အထူးသဖြင့် မီဒီယာတွေမှ ဒီလှုပ်ရှားမှုကိုဖော်ပြမှုကြောင့် လူတွေရဲ့ awareness ကိုပိုရခဲ့ပါတယ်။ အကြံဉာဏ်ပေးသူ၊ စိတ်အား ကိုယ်အားဖြင့် ကူညီဆောင်ရွက်ပေးသူတွေ ပိုထွက်ပေါ်လာခဲ့ပါတယ်။ အခုလတ်တလောမှာတော့ ကျွန်တော်တို့ ခေါင်းဆောင်အဖွဲ့လေးတစ်ခု ဖွဲ့စည်းထားပါတယ်။ ပိုစိတ်အားထက်သန်ပြီး ကိုယ်တိုင် ကြိုးစားဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင်ပိုင်းအဖွဲ့တစ်ခုနဲ့ အကြံဉာဏ်ပေးကူညီနိုင်သူအဖွဲ့တစ်ခု ဖွဲ့စည်းပြီး ရေရှည်စီမံကိန်းအတွက် တိုင်ပင်ဆွေးနွေးပြီး နည်းလမ်းဆွဲနေပါတယ်။


၎။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တကယ်တမ်းကျတော့ လူရယ် မူရယ် ရောနေတယ်လို့ ထင်ပါတယ်။ မူက မငြိမ်ဘူး၊ လူကလည်း ပြောင်းပြောင်းနေတယ်။ အဲဒီလို လူရယ် မူရယ် ဘာက အားသာမှန်းမသိတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ ဒီလို ၀င်ငွေခွန်နှစ်ထပ်ကွမ်း ထမ်းဆောင်နေရတာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုတွေဟာ လက်တွေ့ကျပါ့မလား။ အစ်ကိုအနေနဲ့ ဘယ်လိုမျိုးတုံ့ပြန်မှုတွေကို မျှော်လင့်ထားပါသလဲ။

ဒီကိစ္စအတွက်က မူကရှိပြီးသားပါ။ စာချုပ်မှာ တရားဝင်သဘောတူညီချက် လက်မှတ်ထိုးထားတာက စင်္ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံဖြစ်တဲ့အတွက် နှစ်နိုင်ငံလုံးဘက်က ဖြေရှင်းပေးဖို့အတွက် တာဝန်ရှိပါတယ်။ စာချုပ်ပါ အချက်အလက်တွေကိုပဲ ကျွန်တော်တို့အားလုံးက နည်းလမ်းကျကျ တောင်းဆိုနေတာဖြစ်တဲ့အတွက် လက်တွေ့ကျသလို တရားမျှတသော ဆောင်ရွက်မှုတစ်ခုပါ။ ကျွန်တော်တို့အားလုံးက ညီညီညွတ်ညွတ်နဲ့ ဥပဒေနဲ့ညီတဲ့ စာချုပ်ပါအချက်တွေကို တောင်းဆိုနေတဲ့အတွက် အောင်မြင်ရမယ်လို့ပဲ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။


၅။ မြန်မာနိုင်ငံသားအများစုကို အခြားနိုင်ငံသားအဖြစ် ပြောင်းလဲစေခြင်းရဲ့ အဓိကအချက်ဟာ ဒီအခွန်ကြောင့်လို့ ထင်ပါသလား။

အခွန်ကြောင့်တစ်ခုထဲလို့တော့ ကျွန်တော်မယူဆမိပါဘူး။ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး သူတို့ကပြောင်းသွားကြတာပါ။ အခွန်ကတော့ အဓိကအချက်တွေထဲမှာ တစ်ချက်အပါအ၀င်တော့ ဖြစ်ပါတယ်။ အဓိက အချက်တစ်ခုအဖြစ်တော့ အခွန်ပေးဆောင်ရမှုက ပါဝင်နေပါတယ်။


၆။ အခွန်နှစ်ထပ် မပေးဆောင်ရဘူးဆိုရင် နိုင်ငံသားပြောင်းလဲသူတွေ နည်းသွားလိမ့်မယ်လို့ အစ်ကိုထင်မိပါသလား။

နိုင်ငံသားပြောင်းလဲသွားတဲ့သူ နည်းသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအခွန်ပေးဆောင်မှုက အဓိကနေရာမှာ ပါဝင်နေတဲ့ အချက်တစ်ချက်ဖြစ်နေလို့ပါပဲ။


၇။ တလောက သတင်းတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်။ တရုတ်နိုင်ငံမှာ မီးရထားဌာနက ရထားစီးခပိုတောင်းပြီး လက်မှတ်မှာတော့ အမှန်တကယ်ပေးရတဲ့ ပမာဏထက် လျော့ရေးထားတယ်။ အဲဒီမတရားမှုကို တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံးမှာ အောင်မြင်သွားတဲ့သူတစ်ယောက်အကြောင်းက လေးစားအတုယူစရာပေါ့ဗျာ။ အစ်ကို့အနေနဲ့ ဘယ်လိုအခြေအနေ ဘယ်လိုအတိုင်းအတာအထိ ဒီကိစ္စကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ သိပါရစေ။

ကျွန်တော်တို့က ဒီကိစ္စကို ဖြစ်နိုင်တဲ့နည်းလမ်းတွေ အကုန်သုံးပြီး အောင်မြင်သည်အထိ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ စာချုပ်မှာ ပြောထားတဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် ရနိုင်ဖို့အတွက် ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမှာပါ။


၈။ ဒီလှုပ်ရှားမှုကို အားပေး၊ ထောက်ခံ၊ ကူညီချင်တယ်ဆိုရင် ဘယ်လိုကူညီနိုင်မလဲ။

အဓိကကတော့ ဒီလှုပ်ရှားမှုအတွက် ကိုယ်တိုင်ဝင်ရောက် ဆောင်ရွက်ကူညီပေးနိုင်ရင် ပိုကောင်းပါတယ်။ မိမိရဲ့ အကြံဉာဏ်တွေကို Yahoo Group (http://finance.groups.yahoo.com/group/DTASG/) ကို ၀င်ရောက် Join ပြီး တင်ပြဆွေးနွေးပြီးတော့လည်း ကူညီနိုင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာလည်း ဒီလှုပ်ရှားမှုအကြောင်းကို ဖြန့်ဝေရှင်းပြခြင်းကလည်း ကူညီမှုတစ်မျိုးပါပဲ။


၉။ အဲဒီ စိတ်ကူးတွေ တကယ်ဖြစ်မလာခဲ့ရင် ဘယ်လိုဆက်လုပ်မယ်ဆိုပြီး Alternative Plan ဆွဲထားတာ ရှိရင် ပြောပြပါလား။

ကျွန်တော်တို့က ဥပဒေဘောင်အတွင်းကနေ ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်တွေကို တောင်းဆို၊ ကြိုးစား၊ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အောင်မြင်ရမယ်လို့ ယုံကြည်မှုရှိပါတယ်။


၁၀။ ဒီကိစ္စကို အရင်ကလည်း ကြိုးစားဖူးခဲ့တဲ့လူတွေရှိပါတယ်။ မအောင်မြင်ခဲ့တဲ့ ယခင်အဖြစ်အပျက်တွေကြောင့် အစ်ကိုတို့အပေါ် ဘယ်လိုများဖြစ်ခဲ့သလဲ။

ကျွန်တော်တို့ဘက်က အရင်ဆောင်ရွက်ဖူးခဲ့တဲ့လူတွေထဲက အတွေ့အကြုံယူပါတယ်။ အချက်အလက်တွေကို အတွေ့အကြုံနဲ့ သင်ခန်းစာအဖြစ် ကျွန်တော်တို့သတ်မှတ်ပြီး ဒီထက်ပိုမိုကောင်းတာကို ကြိုးစားဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီကိစ္စအပေါ် လူတွေအားလုံးသတ်မှတ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ကြိုးစားလုပ်ကိုင်နေမှု အပေါ်ပဲ မူတည်ပါတယ်။ အလုပ်နဲ့ သက်သေပြနိုင်ရင် အားလုံးကလည်း ပိုမိုအားပေး ကူညီလာမှာပါ။


၁၁။ သံလွင်အိပ်မက်မှတဆင့် စာဖတ်သူကို ဘာတွေပြောချင်သလဲ။

ဒီကိစ္စက အများအတွက် တရားမျှတသော ဆောင်ရွက်မှုတစ်ခုဖြစ်တဲ့အတွက် ထောက်ခံ အားပေး ကြိုးစား ကူညီဖို့ ကျွန်တော်ပြောလိုပါတယ်။ သံလွင်အိပ်မက်က အယ်ဒီတာအဖွဲ့နဲ့ စာဖတ်ပရိသတ်အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သံလွင်အိပ်မက် ဒီထက်ပိုပြီး အောင်မြင်ဖို့အတွက်လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကိုနိုင်မိုးအောင်ကို သံလွင်အိပ်မက်မှ ကျေးဇူးအထူးတင်ရှိပါတယ်။